အိန္ဒိယက ရုရှားရေနံများကို ဆက်လက်ဝယ်ယူ

03 Aug

အမေရိကန်သမ္မတဒေါ်နယ် ထရမ့် က သတိပေးထားသည့်တိုင် အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားရေနံများကို ဆက်လက်ဝယ်ယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရုရှားနိုင်ငံမှရေနံများ ဝယ်ယူနေသည့်အတွက် အိန္ဒိယနိုင်ငံကို အရေးယူမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့တဲ့လအတွင်းက ကြေညာထားသည်။ သို့ရာတွင် လက်ရှိအချိန်ထိ သမ္မတ ဒေါ်နယ်ထရမ့် ၏ သတိပေးချက်ကြောင့် အိန္ဒိယနိုင်ငံ၏ မူဝါဒမှာ အပြောင်းအလဲမရှိသေးဘဲ ရုရှားမှ ရေနံများကို ဆက်လက်ဝယ်ယူနေဆဲဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများက မီဒီယာများသို့ ထုတ်ဖော်ပြောကြား ခဲ့သည်။ ထိုနည်းတူ ရုရှားရေနံများ ဝယ်ယူနေမှုကို ရပ်တန့်ရေးအတွက် အိန္ဒိယအစိုးရကလည်း ရေနံကုမ္ပဏီများကို ညွှန်ကြားထားခြင်းမရှိကြောင်း သိရသည်။ ရုရှားရေနံများကို ဝယ်ယူနေသည့် မည်သည့်နိုင်ငံမျိုးကိုမဆို ၁၀၀ ရာခိုင်နှုန်းထိ အခွန်စည်းကြပ်၍ အပြစ်ပေးမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားထားသည်။ ရုရှားရေနံများ အိန္ဒိယက ဆက်လက်ဝယ်ယူနေမှု သတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားထားခြင်းမရှိကြောင်း သိရသည်။

03 Aug

ADVERTISE HERE .