“မန်စီးတီးကစားသမား ဗစ်တာရိစ်ကို အငှားစာချုပ်ဖြင့်ခေါ်ယူခဲ့တဲ့ ဂျီရိုနာအသင်း”

02 Aug

မန်စီးတီးအသင်းမှ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်ခံစစ်ကစားသမား ဗစ်တာရိစ် ကို ပုံမှန် ပွဲကစားခွင့် ရရှိရန်အတွက် အသင်းကိုတောင်းဆိုခဲ့ပြီးနောက် ဂျီရိုနာအသင်းသို့ တစ်ရာသီအငှားချခဲ့ပါတယ်။ ခံစစ်ကစားသမား ဗစ်တာရိစ် က ပြီးခဲ့သည့် ဘောလုံးရာသီက ဘရာဇီးကလပ် ပါမီးယက်စ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပေမယ့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ အပြောင်းအရွှေ့ကာလမှသာ အသင်းနှင့် ပူးပေါင်းခွင့် ရရှိခဲ့ကာ ပြိုင်ပွဲစုံတွင် လေးပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ လက်ရှိမှာ ဗစ်တာရိစ် က လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးနိုင်ငံကိုယ်စားပြု ရွေးချယ်ခံရ ရေးအတွက် ပွဲကစားချိန်ပိုမိုလိုအပ်လာတာကြောင့် အသင်းတာဝန်ရှိသူများကို တောင်းဆိုမှုပြုလုပ်ကာ ဂျီရိုနာအသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပါတယ်။ (NVS 008)

02 Aug

ADVERTISE HERE .