“မက်ဆီ ကို ၂၀၂၈ ခုနှစ်အထိ စာချူပ်သက်တမ်းတိုးရန် စီစဉ်နေတဲ့ အင်တာမိုင်ယာမီအသင်း”

02 Aug

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက အသင်းတိုက်စစ်မှူး မက်ဆီ ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီ ဟာ အသက်အရွယ်ပိုင်း ရနေပြီဖြစ်ပေမယ့် ခြေစွမ်းပိုင်းက ကျဆင်းခြင်းမရှိသေးတဲ့အပြင် အသင်းနှင့်အတူ ၂၀၂၃ မှ ၂၀၂၅ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ၆၉ ပွဲကစားကာ ၅၈ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်း ထုတ်ပြန်ချက်မှာတော့ မက်ဆီ ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ စီစဉ် နေကြောင်းနဲ့ မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

02 Aug

ADVERTISE HERE .