“ဘရိုက်တန်အသင်းမှာ ဆက်နေရန် ဆန္ဒရှိနေတဲ့ မီတိုမာ”

02 Aug

ဘရိုက်တန်အသင်း တောင်ပံတိုက်စစ်ကစားသမား မီတိုမာ က ထိပ်တန်းအသင်းများရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပေမယ့် ဘရိုက်တန်အသင်းမှာသာ ဆက်နေရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဂျပန်လက်ရွေးစင်ကစားသမား မီတိုမာ က ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီက ဘရိုက်တန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုလေးကြိမ် ပြုလုပ်ပေးကာ ခြေစွမ်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် မီတိုမာ ကိုခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် အာဆင်နယ်အသင်းတို့က စိတ်ဝင်စား နေကြပြီး ဆော်ဒီကလပ်များကလည်း ခေါ်ယူရန် ဆန္ဒရှိနေတာဖြစ်ပါတယ်။ မီတိုမာ က အသင်းပြောင်းရွှေ့ရန် စိတ်ဝင်စားခြင်းမရှိဘဲ ဘရိုက်တန်အသင်းတွင်သာ ဆက်နေရန် ဆန္ဒရှိ နေခြင်းဖြစ်ပါတယ်။ မီတိုမာ နဲ့ ဘရိုက်တန်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၂၇ ခုနှစ်၊ ဇွန်လ ၃ဝ ရက်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘရိုက်တန်အသင်းအနေနဲ့ ၎င်းကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ (NVS 008)

02 Aug

ADVERTISE HERE .