“အန်တိုနီ ကို ဒုတိယအကြိမ်အခွင့်အရေးပေးရန် တိုက်တွန်းခဲ့တဲ့ ဗန်ဒါးဆား”

02 Aug

မန်ယူအသင်းရဲ့ဂန္ထဝင်ဂိုးသမား ဗန်ဒါးဆား က နည်းပြ အာမိုရင်မ် အနေနဲ့ တိုက်စစ်ကစားသမား အန်တိုနီ ကို ဒုတိယအကြိမ်အခွင့်အရေးထပ်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ အန်တိုနီ ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နွေရာသီမှာ အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အန်တိုနီ ဟာ အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့မှာ ဘက်တစ်အသင်းထံသို့ အငှားချခံခဲ့ရပါတယ်။ အန်တိုနီ က ဘက်တစ်အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့သော်လည်း အာမိုရင်မ် က အသင်းမှာ နေရာပြန်ပေးရန် ဆန္ဒမရှိခြင်းကြောင့် ဗန်ဒါးဆား က နောက်တစ်ကြိမ် အခွင့်အရေးထပ်ပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

02 Aug

ADVERTISE HERE .