“ကမ္ဘောဒီးယားက ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ထရမ့် ကို အမည်တင်သွင်းမည်”
02 Aug
ကမ္ဘောဒီးယားနိုင်ငံသည် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို အမည် စာရင်း တင်သွင်းသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆန်ချန်သော က ဩဂုတ်လ ၁ ရက် တွင်ပြောသည်။ ထရမ့်အနေဖြင့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာသည့်အတွက် ကမ္ဘောဒီးယားက ကျေးဇူးတင်ကြောင်း၊ ထို့အတွက်ကြောင့် ထရမ့်သည် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိရန်ထိုက်တန်သူဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က သတင်းထောက်များကို ပြောသည်။ အလားတူ ပါကစ္စတန်နိုင်ငံနှင့် အစ္စရေးနိုင်ငံ တို့ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဇူလိုင်လတွင် အမည်စာရင်းတင်သွင်းထားကြောင်း တာဝန်ရှိသူများက ပြော သည်ဟု သိရသည်။
02 Aug