“နယ်စပ်အရေးဆွေးနွေးရန် ထိုင်းနိုင်ငံ၏ကမ်းလှမ်းမှု ကမ္ဘောဒီးယားကြိုဆို”

02 Aug

လာမည့်သီတင်းပတ်တွင် မလေးရှားနိုင်ငံ၌ နှစ်နိုင်ငံနယ်စပ်အရေးဆွေးနွေးရန် ထိုင်းနိုင်ငံ၏ ကမ်းလှမ်း မှုကို ကမ္ဘောဒီးယားနိုင်ငံကကြိုဆိုကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဩဂုတ်လ ၁ ရက်တွင် ပြောသည်။ နှစ်နိုင်ငံကြား အထွေထွေနယ်စပ်ရေးရာကော်မတီအစည်းအဝေးကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပရန် ထိုင်းနိုင်ငံက အဆိုပြုလာမှုအပေါ် ကမ္ဘောဒီးယားအစိုးရက ကြိုဆိုကြောင်း၊ အဆိုပါအစည်းအဝေးသည် များစွာအပြုသဘောဆောင်ပြီး အကျိုးများသောရလဒ်များ ထွက်ပေါ်လာစေမည်ဟုယုံကြည်ကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆို ချီတာ က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ယင်းအစည်းအဝေးသို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးနှင့် ထိုင်းဒုတိယ ကာကွယ်ရေးဝန်ကြီးတို့ တက်ရောက်သွားမည်ဖြစ်ကြောင်း မာလီဆိုချီတာက ဆက် ပြောသည်။ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ဇူလိုင်လ ၂၈ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိထားကြောင်း သိရသည်။

02 Aug

ADVERTISE HERE .