“သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅,၀၆၆ ဦး၊ ‌သေဆုံးသူ ၂၆ ဦးရှိ”

02 Aug

မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅,၀၆၆ ဦးနှင့် ‌သေဆုံးသူ ၂၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါကိန်းဂဏန်းများက ၂၀၂၄ ခုနှစ် ကာလတူထက်ပိုမိုများပြားကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးက ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးဖြစ်ပါတယ်။ ကျန်းမာ‌ရေးဝန်ကြီးဌာနအနေနဲ့ စာသင်ကျောင်းများ၊ အိမ်ထောင်စုများနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ ညွှန်ကြားချက်များပေးခြင်းအပါအဝင် ကြိုတင်ကာကွယ်မှုလုပ်ငန်းများကို မတ်လမှစတင်၍ ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာဌာနများရဲ့ အကူအညီနဲ့ ပိုးသတ်ဆေးဖြန်းခြင်းနှင့် ပိုးသတ်ဆေးထည့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါတယ်။ ၂၀၂၄ ခုနှစ်၌ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၆,၄၀၀ ရှိပြီး ‌သေဆုံးသူမှာ ၁၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

02 Aug

ADVERTISE HERE .