ရိုးမရိပ်သာအိမ်ရာ အခန်းဝယ်ယူခွင့်မဲပေါက်သူများအား အကြောင်းစာများ ထုတ်ပေးမည်

02 Aug

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ရောင်းချပေးခဲ့တဲ့ ဒဂုံ(ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာအိမ်ရာတွင် အခန်းဝယ်ယူခွင့်မဲပေါက်ထားသူများအား အခန်းဝယ်ယူခွင့် အကြောင်းကြားစာများ ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။ အခန်းဝယ်ယူခွင့်အနေနဲ့ အဆောက်အအုံအမျိုးအစား ရှစ်ခန်းတွဲ လေးထပ်တိုက်အမှတ် (၁၉၊ ၂၀၊ ၂၂၊ ၂၄) ကို ဩဂုတ် လ ၁၂ ရက်နှင့် ၁၃ ရက်၊ အဆောက်အအုံအမျိုးအစား ၁၂ ခန်းတွဲ လေးထပ်တိုက်အမှတ် (၃၈၊ ၃၉၊ ၄၀) ကို သြဂုတ်လ ၁၂ ရက်၊ တိုက်အမှတ် (၄၁၊ ၄၄၊ ၄၅၊ ၄၉၊ ၅၀) ကို သြဂုတ်လ ၁၄ ရက်၊ တိုက်အမှတ် (၄၆၊ ၄၇) ကို သြဂုတ်လ ၁၄ ရက်၊ အဆောက်အအုံအမျိုးအစား ခြောက်ခန်းတွဲ လေးထပ်တိုက်အမှတ် (၅၆၊ ၅၇၊ ၅၈၊ ၅၉)ကို ဩဂုတ်လ ၁၂ ရက်၊ တိုက်အမှတ် (၆၀၊ ၆၁၊ ၆၂၊ ၆၄)ကို ဩဂုတ်လ ၁၃ ရက်၊ တိုက်အမှတ် (၆၅၊ ၆၆၊ ၆၇)ကို ဩဂုတ်လ ၁၄ ရက်တို့တွင် အကြောင်းကြားစာထုတ်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ထုတ်ပေးခြင်းကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အမှတ် (၃) City Gallery 3 ဗိုလ်ချုပ်အောင်ဆန်းလမ်း ဗိုလ်တထောင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၌ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အခန်းဝယ်ယူခွင့်အကြောင်းကြားစာကို ကိုယ်တိုင်ထုတ်ယူမည်ဆိုပါက နိုင်ငံသားစိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်စုံပါရှိရမည်ဖြစ်ပြီး ကိုယ်စားထုတ်ယူမည်ဆိုပါက အခန်းဝယ်ယူခွင့်ရရှိသူ၏ ကိုယ်စား လှယ်လွှဲစာ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတစ်စုံနှင့်အတူ ကိုယ်စားလာရောက်သူ၏ နိုင်ငံသား စိစစ်ရေးကတ်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူတစ်စုံပါရှိရမှာ ဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း အခန်းဝယ်ယူခွင့် အကြောင်းကြားစာများကို သြဂုတ်လ ၂၅ ရက်နောက်ဆုံးထား၍ လာရောက်ထုတ်ယူရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူခြင်းမပြုပါက အခန်းဝယ်ယူခွင့်ကို ပယ်ဖျက်မည် ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 004)

02 Aug

ADVERTISE HERE .