“ဆံတော်ရှင် ကျိုက်သုတ်စေတီတော် (၁၄၀)ကြိမ်မြောက် ဆေးပဋ္ဌာန်းပူဇော်ပွဲ ကျင်းပမည်”
01 Aug
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ ကျက်သရေဆောင်၊ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးတွင် လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်မှစ၍ "ဆေးပဋ္ဌာန်းပူဇော်ပွဲ"ကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာလည်း ကျိုက်သုတ် စေတီတော်ကြီး၏ (၁၄၀)ကြိမ်မြောက် ဆေးပဋ္ဌာန်းပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆေးပဋ္ဌာန်းပူဇော်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ကျန်းမာရေးအတွက် တိုင်းရင်း ဆေးနှင့် နိုင်ငံခြားဆေးများဖြင့် "အာယုဒါန" ဆေးအလှူတော်ကို ဩဂုတ်လ ၂၂ ရက်(၁၃၈၇ခုနှစ်၊ ဝါခေါင်လကွယ်)တွင် ဆပ်ကပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ လှူဒါန်းလိုသူများအနေနဲ့ မော်လမြိုင်မြို့ ကျိုက်သုတ်စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ဖုန်း ၀၉-၄၀၈၈၃၄၁၈၄ ၊ အတွင်းရေးမှူး ဦးမျိုးသန့် ဖုန်း ဝ၉-၅၃၂၂၇၃၆ ၊ ဘဏ္ဍာထိန်း ဦးမြအောင် ဖုန်း ၀၉-၅၁၅၀၉၆၈နှင့် ဝ၉-၄၃ဝဝ၄၆၆၈ သို့ ဆက်သွယ်လှူဒါန်းနိုင်သလို ရန်ကုန်မြို့ မော်လမြိုင်အသင်း ရွှေတိဂုံအနောက်ဘက်စောင်းတန်း အောက်ပစ္စယံ၊ ရန်ကုန်မြို့၊ ဖုန်း-၀၉-၇၇၆၂၅၄၃၇၇ နှင့် ဝ၉-၄၅ဝ၄၀၇၉၃၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ လှူဒါန်းမည့်ဆေးပစ္စည်းများကို ဦးရဲမြင့်ဆန်း (ချမ်းမွန်သင်္ကန်းတိုက်)၊ အမှတ် ၃၁(ဘီ)၊ မြေညီထပ်၊ ရေတာရှည် လမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၉-၅၃၂၀၂၄၃ ဒေါ်ခင်လေးဝေ၊ အမှတ်(၇၀)၊ ၉၄-လမ်း၊ ကန်တော်လေး၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၉-၂၅၅၉၁၉၁၄၄ တို့ထံသို့ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)