“သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူ ၁ဝ,၃၉၅ ဦးအား ပြောင်းရွှေ့နေရာချထားပေး”

01 Aug

ကရင်ပြည်နယ် ဘားအံမြို့၌ မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျက်ရှိကြတဲ့ ရေဘေးသင့်ပြည်သူ ၁၀,၃၉၅ ဦးအား ယာယီကယ်ဆယ်ရေးစခန်း ၂၄ ခု၌ ပြောင်းရွှေ့နေရာချထားပေးကြောင်း သိရပါတယ်။ အဆိုပါ ပြောင်းရွှေ့နေထိုင်လာသည့် အိမ်ထောင်စုများအား ပြည်နယ်၊ ခရိုင်၊ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ကြီးကြပ်မှုဖြင့် ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ပြောင်းရွှေ့နေရာချထား ပေးနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဘားအံမြို့ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၄ ခုတွင် အိမ်ထောင်စုဦးရေအရ အမျိုးသား ၄,၈၉၇ ဦး၊ အမျိုးသမီး ၅,၄၉၈ ဦး၊ စုစုပေါင်း ၁၀,၃၉၅ ဦးအား ယာယီပြောင်းရွှေ့နေရာများချထားပေးပြီး ကရင်ပြည်နယ်အစိုးရ အဖွဲ့နှင့် အလှူရှင်များက နေ့စဉ်အခြေခံစားသောက်ကုန်များ ပေးအပ်လှူဒါန်းလျက်ရှိကာ ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

01 Aug

ADVERTISE HERE .