“ဂျာမနီနိုင်ငံ ပညာရေးအခွင့်အလမ်းအကြောင်း ဟောပြောပွဲကျင်းပမည်”

01 Aug

Goethe-Institute Myanmar Study in Germany Learning Advisory Service ကို အွန်လိုင်းမှ အခမဲ့ ဆွေးနွေးပေးလျက်ရှိရာ ယခုအခါမှာတော့ လူကိုယ်တိုင်ပါဝင်တက်ရောက်နိုင်မည့် Study in Germany Event ကို ဂျာမန် ဘာသာစကား ဆရာမ ချမ်းဆုငြိမ်း ဦးဆောင်ကာ DAAD မှ ကိုယ်စားလှယ်၊ ဂျာမနီမှ ပညာသင်ကျောင်းသားများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ၊ ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဆွေးနွေးပွဲတွင် ဂျာမနီနိုင်ငံ၌ သွားရောက်ပညာသင်ကြားရန် ပြင်ဆင်လေ့လာနေသူများအတွက် ဂျာမနီနိုင်ငံ၏ ပညာရေးအခွင့်အလမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ဂျာမနီနိုင်ငံရှိ ပညာသင်ဆုများအတွက် ပြင်ဆင်စရာ များအပြင် လက်ရှိတွင် ဂျာမနီပညာသင်များ၏ Panel Discussion များပါဝင်သွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားလိုသူများအနေနဲ့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့် (ရေခဲဆိုင် မှတ်တိုင်အနီး)ရှိ Goethe-Institute Myanmar (ပြပွဲခန်းမ)၌ ကျင်းပသွားမှာဖြစ်လို့ လာရောက်ဆွေးနွေးနိုင်ကြောင်း သိရပါတယ်။ (NVS-004)

01 Aug

ADVERTISE HERE .