“Wyndham Grand Wedding Expo 2025 ပြပွဲကျင်းပမည်”
01 Aug
Wyndham Grand Wedding Expo 2025 ပွဲကျင်းပနိုင်ရန်အတွက် ဇူလိုင်လ ၃၀ ရက်က စာနယ်ဇင်း မိတ်ဆက် ပွဲကို ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိတ်ဆက်ပွဲသို့ အနုပညာရှင်များနှင့် ဖက်ရှင်ဒီဇိုင်နာများ တက်ရောက်ခဲ့ပြီး ခမ်းနားကြီးကျယ်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်ထား ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲကြီးကို ဩဂုတ်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ Wyndham Grand ဟိုတယ်တွင် ကျင်းပသွားမှာဖြစ်ပြီး မင်္ဂလာဇနီးမောင်နှံများအတွက် လိုအပ်တဲ့ မင်္ဂလာဝတ်စုံများ၊ ရတနာပစ္စည်းများ၊ အခမ်းအနားပြင်ဆင်မှု၊ ပန်းအလှပြင်ဆင်မှု၊ ခရီးသွားဝန်ဆောင်မှု၊ အိမ်ရာနေထိုင်မှုများကို တစ်နေရာတည်းတွင် လေ့လာစုံစမ်းကြည့်ရှုနိုင်ရန် စီစဉ်ထားပါတယ်။ ပြပွဲသို့ လာရောက်ကြည့်ရှုကြမည့် မင်္ဂလာဇနီးမောင်နှံအတွက် Wedding Package များကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး ဆုလက်ဆောင်များ ကံစမ်းရယူနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ (NVS-004)