“ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးပြပွဲ ကျင်းပမည်”

01 Aug

The Japan Foundation Yangon, Myanmar Association of Japan Alumni (MAJA) တို့က ကြီးမှူးကျင်းပတဲ့ ဂျပန်ပညာရေးအကြောင်းကို ဂျပန်နွေရာသီပွဲတော်နှင့် လေ့လာသိရှိခွင့်ရရှိနိုင်မည့် ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးပြပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နှင့် ၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ ကမာရွတ်မြို့နယ် လှည်းတန်း လမ်းဆုံအနီးရှိ M-Tower ၁၈ လွှာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြပွဲတွင် ဂျပန်ယဉ်ကျေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့များကို လေ့လာထိတွေ့နိုင်မည့် အစီအစဉ်များကို ပျော်ပျော် ရွှင်ရွှင်ပါဝင်ဆင်နွှဲရန် စီစဉ်ထားရှိပြီး ဂျပန်နိုင်ငံရဲ့ နွေရာသီပွဲတော်များ၌ ဆော့ကစားလေ့ရှိတဲ့ ဂိမ်းအစီအစဉ်များ၊ ခန်းဂျိ ဘင်ဂိုဂိမ်းအစီအစဉ်၊ ကာရာတေးနှင့် ကန်ဒို သရုပ်ပြခြင်းအစီအစဉ်၊ မဲနှိုက်ခြင်းအစီအစဉ်နှင့် Yukata ကို ကိုယ်တိုင် ခံစားဝတ်ဆင်နိုင်မည့် အစီအစဉ်များကို ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ထားပါတယ်။ ဂျပန်ယဉ်ကျေးမှုနှင့် ပညာရေးပြပွဲတွင် ဂျပန်ပညာရေးကို လေ့လာလိုသူ လူငယ်များအတွက် ဂျပန်နိုင်ငံရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များနှင့် ဂျပန်ဘာသာစကားသင်တန်းကျောင်းများမှ တာဝန်ခံ ဆရာ၊ ဆရာမများက လာရောက်ရှင်းလင်းပြောကြားပေးသွားမှာဖြစ်ပြီး မိမိတို့တက်ရောက်လိုသောကျောင်းများကို တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ ဆွေးနွေးရာမှာလည်း ဂျပန်-မြန်မာ စကားပြန်များကို ထားရှိပေးမည်ဖြစ် ပြီး ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်ပေးခြင်း၊ ပညာတော်သင်ဆိုင်ရာ သိကောင်းစရာများ ဆွေးနွေး တိုင်ပင်နိုင်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်နှင့် နေထိုင်ရေး၊ ပညာတော်သင်ဆိုင်ရာအတွေ့အကြုံများကို ဆွေးနွေးပြောကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

01 Aug

ADVERTISE HERE .