“မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နှစ်ပတ်လည်မဂ္ဂဇင်းအတွက် စာမူများဖိတ်ခေါ်”

01 Aug

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ (၃၃)နှစ်မြောက် အထိမ်းအမှတ်အဖြစ် နှစ်ပတ်လည်မဂ္ဂဇင်းကို ထုတ်ဝေသွားမှာတာကြောင့် မဂ္ဂဇင်းတွင် မြို့တော်စည်ပင်၏ အများပြည်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များနှင့် အခြား သုတ၊ ရသရရှိစေမည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန်၊ ဟာသပြဇာတ်၊ အားကစားကဏ္ဍ၊ ဘာသာရေး၊ ကျန်းမာရေး၊ ခံစားမှုစာစု၊ လူငယ်ကဏ္ဍ စသည်တို့ဖြင့် ကဏ္ဍစုံထည့်သွင်းဖော်ပြ သွားမည်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါ တယ်။ စာမူများအား မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာန၊ ၂၇ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးနေ့စဉ်သတင်းစာတိုက်(ကြော်ငြာဌာနစိတ်)၊ ၇၁ လမ်းနှင့် ၃၅ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်နှင့် [email protected] သို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့နိုင်ပါတယ်။ စာမူများကို ပေးပို့ရာတွင် ကလောင်အမည်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံတို့ကို ထည့်သွင်းဖော်ပြပေးသွားပါရန်နှင့် ကလောင်ခွဲများဖြင့် ရေးသားပေးပို့ခြင်း မပြုကြပါရန် အသိပေးထားပါတယ်။ (NVS-004)

01 Aug

ADVERTISE HERE .