“ကနေဒါအိုးပင်းတတိယအဆင့်ကို တက်ရောက်ခဲ့တဲ့ ရာဒူကာနူ”

01 Aug

ဗြိတိန်အဆင့် (၁) တင်းနစ်မယ် ရာဒူကာနူ ဟာ ကနေဒါအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ တတိယအဆင့်ကို တက်ရောက်သွားပါတယ်။ ၂၀၂၁ ယူအက်စ်အိုးပင်းချန်ပီယံ ရာဒူကာနူ ဟာ ယူအက်စ်အိုးပင်းအကြို ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ကနေဒါအိုးပင်းမှာ အကောင်းဆုံးပုံစံကို ရနေတာဖြစ်ပါတယ်။ ဒုတိယအဆင့်ပွဲအဖြစ် ရာဒူကာနူနဲ့ ဆီဒင်အဆင့် (၃၂) ရထားတဲ့ အမေရိကန်တင်းနစ်မယ် စတန်းစ် တို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရာဒူကာနူ က တိကျသေချာတဲ့ ရိုက်ချက်တွေနဲ့ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဝါရှင်တန် အိုးပင်းမှာ ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တဲ့ ရာဒူကာနူ ဟာ အခုပြိုင်ပွဲမှာလည်း ရလဒ်ကောင်းဖို့အတွက် ကြိုးစား ပြင်ဆင်ထားခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့် ပွဲစဉ်အပြီးမှာ ရာဒူကာနူ က ၆း၂၊၆း၄ ရလဒ်နဲ့ အနိုင်ရပြီး တတိယအဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် (၃၃) မှာရပ်တည်နေတဲ့ ရာဒူကာနူ ဟာ စတန်းစ် နဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့ပြီး ၃ ပွဲစလုံးအနိုင်ရတဲ့ မှတ်တမ်းသစ်တစ်ခုကိုလည်း ရေးထိုးနိုင် ခဲ့ပါတယ်။ တတိယအဆင့် မှာတော့ ရာဒူကာနူ ဟာ ဆီဒင်အဆင့်( ၅) ရထားတဲ့ အမေရိကန်တင်းနစ်မယ် အန်ဆီမိုဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ (NVS 008)

01 Aug

ADVERTISE HERE .