“ဘိုင်ယန်မြူးနစ်နဲ့အတူ ဆုဖလားအားလုံးကို ရယူဖို့ ရည်မှန်းနေတဲ့ ဒီယက်ဇ်”
01 Aug
ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမားသစ် ဒီယက်ဇ် က သူ့အနေနဲ့ အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ဒီယက်ဇ် ဟာ အခုနွေမှာ လီဗာပူးလ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း (ပေါင် ၆၅.၅ သန်း)နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒီယက်ဇ် ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၄ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၄ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ဒီယက်ဇ် က ဘိုင်ယန်မြူးနစ်ကစားသမားဖြစ်လာပြီးနောက် အသင်းနဲ့အတူ ဆုဖလားအားလုံးကို ရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီယက်ဇ် ဟာ ဟာရီကိန်း (ယူရို ၉၅ သန်း)၊ လူးကပ်စ်ဟာနန်ဒက်ဇ် (ယူရိုသန်း ၈၀) တို့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းသမိုင်းမှာ တတိယမြောက်ကြေးအကြီးဆုံးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
01 Aug