“အန်ဒိုယီ ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ နော်တင်ဟမ်အသင်း”
01 Aug
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဘိုလော့ဂ်နာအသင်းက အန်ဒိုယီ ကို ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြု ကြေညာခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ် အန်ဒိုယီ ဟာ နော်တင်ဟမ်အသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အန်ဒိုယီ အနေနဲ့ ပြီးခဲ့တဲ့ရာသီက ၄၁ ပွဲကစား ၉ ဂိုးသွင်းယူခဲ့ပြီး ကိုပါအီတာလီယာဗိုလ်လုပွဲမှာ အေစီမီလန်အသင်းဘက်သို့ တစ်လုံးတည်းသောအနိုင်ဂိုးသွင်းကာ ဘိုလော့ဂ်နာ အသင်းကို နှစ် ၅၀ ကျော်အတွင်း ပထမဆုံး မေဂျာဖလား ဆွတ်ခူးပေးနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ (NVS 008)
01 Aug