“ဒွန်နာရမ်မာ ကို တစ်နှစ်လစာယူရိုသန်း ၂၀ နဲ့ခေါ်ယူဖို့အသင့်ရှိနေတဲ့ အယ်လ်အစ်တီဟတ်နဲ့ ဂါလာတာစာရေး”

01 Aug

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းနဲ့ တူရကီကလပ် ဂါလာတာစာရေးအသင်းတို့ဟာ PSG ဂိုးသမား ဒွန်နာရမ်မာ ကို တစ်နှစ်လစာ ယူရိုသန်း ၂၀ ပေးဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒွန်နာရမ်မာ ကို PSG အသင်းက ရောင်းထုတ်ဖို့ စီစဉ်နေတာကြောင့် အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပြီး အသင်း ၅ သင်း အပြိုင်လုရလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဂါလာတာစာရေးနဲ့ အယ်လ်အစ်တီဟတ်တို့က ဒွန်နာရမ်မာ ကို PSG အသင်းမှာ တစ်နှစ်လစာ ယူရို ၁၃ သန်းနီးပါးရရှိတဲ့ လစာနှုန်းထားထက်ပိုပေးကာ ကမ်းလှမ်းဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

01 Aug

ADVERTISE HERE .