“လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ အီဆက်ခ် ဆိုစီဒက် မှာ လေ့ကျင့်မှုပြုလုပ်နေ”

01 Aug

လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ် ဟာ အသင်းဟောင်း ဆိုစီဒက်မှာ လေ့ကျင့်မှုပြုလုပ်နေကြောင်း သိရပါတယ်။ အီဆက်ခ် ဟာ ၂၀၂၂ ခုနှစ်မှာ ဆိုစီဒက်ကနေ နယူးကာဆယ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၁၂၀ အပြင်အပိုဆုကြေးပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူမယ်လို့ သတင်းထွက်နေပြီး ပြောင်းရွှေ့ကြေးကို ၂ နှစ်အတွင်း အပြီးသတ်ပေးချေရမယ်လို့လည်း သိရပါတယ်။ အခုလိုအပြောင်းအရွှေ့ကိစ္စတွေရှိနေတာကြောင့် နယူးကာဆယ်အသင်းက အီဆက်ခ် ကို အာရှခရီးစဉ်မှာ ခေါ်ယူသွား ခြင်းမရှိခဲ့သလို၊ အသေးစားပေါင်ဒဏ်ရာ ရရှိနေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် အီဆက်ခ်က နယူးကာဆယ် အသင်းနဲ့ ပူးပေါင်းခြင်းမပြုဘဲ ဆိုစီဒက်အသင်းမှာ ကြံ့ခိုင်မှုအတွက် တစ်ဦးတည်းလေ့ကျင့်မှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

01 Aug

ADVERTISE HERE .