“ထိုင်းနိုင်ငံက ထိန်းသိမ်းထားသောစစ်သည်များကိုပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရတောင်းဆို”
01 Aug
ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အသက်ဝင်ပြီးနောက် ထိုင်းနိုင်ငံ က ထိန်းသိမ်းထားသော ကမ္ဘောဒီးယားစစ်သည် ၂၀ ကိုပြန်လွှတ်ပေးရန် ကမ္ဘောဒီးယားအစိုးရက ဇူလိုင် လ ၃၁ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။ ထိုင်းစစ်သည်များသည် ဇူလိုင်လ ၂၉ ရက်နံနက် ၇ နာရီခွဲ တွင် ကမ္ဘောဒီးယားစစ်သည် ၂၁ ဦးကိုခေါ်ဆောင်သွားပြီး ၎င်းတို့အနက်တစ်ဦးမှာ သေဆုံးသွားပြီဟူသော သတင်း ကို ရရှိထားကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသောစစ်သည် ၂၀ ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ကမ္ဘောဒီးယားအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ ထို့ပြင် ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် လက်ရှိအာဆီယံအဖွဲ့ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ၏ ကြားဝင်စေ့စပ်မှုနှင့်အတူ ထိုကိစ္စကိုဆွေးနွေးနေကြောင်း ၎င်းက ဆက်ပြောထားသည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားစစ်သည်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများဆောင်ရွက်ပြီးပါက ပြန်လွှတ် ပေးမည်ဖြစ်ကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။