“မသမာမှုပြုလုပ်သည့် ဝန်ထမ်းများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟုဆို”

01 Aug

ဇူလိုင်လ ၃၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နယ်စပ်ကုန်သွယ်ရေးမှ တရားမဝင်ကုန်ပစ္စည်း များကို ဖမ်းဆီးခြင်းမပြုဘဲ မသမာမှုပြုလုပ်ကာ လွှတ်ပေးတဲ့ ဝန်ထမ်းတစ်ဦးချင်း အပါအဝင် အဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ခဲ့သူများကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ တာဝန်ကျေပွန်စွာဖြင့် သစ္စာရှိရှိဆောင်ရွက်နေတဲ့ ဝန်ထမ်းများကြောင့် တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးမှု အနေနဲ့ ၂၀၂၂ ဇန်နဝါရီလမှ ယခုနှစ်ဇွန်လအထိ ၂၅,၂၃၁ မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် ၆၆၃ ဒသမ ၉၁၉ ဘီလီယံ ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဇူလိုင်လအတွင်း ဦးဆောင်ကော်မတီသို့ သတင်းပေးတိုင်ကြားမှု ကြောင့် မြဝတီနယ်စပ်ဘက်မှ တရားမဝင်ကုန်စည်များ တင်ဆောင်လာတဲ့ မော်တော်ယာဉ် ၁၄၄ စီးက ဘားအံမြို့ကို ဖြတ်ကျော်၍ ရန်ကုန်ဘက်သို့ ညအချိန်တရားမဝင် ဖြတ်သန်းသွားပြီး ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ၁၃၂ စီးကို ကရင်နှင့် မွန်ပြည်နယ်အတွင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင်များက မှန်မှန်ကန်ကန် စစ်ဆေးခြင်းမရှိဘဲ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကို သိလျက်နှင့် ဖမ်းဆီးခြင်းမပြုခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရပြီး ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင့် ပြောကြားခဲ့ပါတယ်။ (NVS 004)

01 Aug

ADVERTISE HERE .