“နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ကျင်းပသွားမည်”
01 Aug
မန္တလေးမြို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို ယခုနှစ်တွင် ၂ ရက်တာကျင်းပ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ နှစ်စဉ်၊ ဝါခေါင်လဆန်း ၈ ရက်မှာ ကျင်းပပြုလုပ်လေ့ရှိတဲ့ အိုးပုတ်ပွဲတော်ကို ယခုနှစ်မှာ ပျော်ပွဲရွှင်ပွဲများနှင့် အတူ နှစ်ရက်တာခင်းကျင်းကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ရက်မှာ အိုးပုတ်သည်များအပြင်၊ ဒေသထွက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် မုန့်ပဲသရေစာ အရောင်းဆိုင်များ ပါဝင်ခင်းကျင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့ရဲ့ အထင်ကရပွဲတော် တစ်ခုဖြစ်တဲ့ အိုးပုတ်ပွဲတော်ကို မန္တလေးမြို့ အနောက်မြောက်ဘက် အောင်မြေသာစံမြို့နယ်မှာ ကျင်းပမည်ဖြစ်ပြီး အိုးပုတ်ခိုးပွဲတော်လို့လည်း ခေါ်ကြကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ၏ အထင်ကရတောင်ပြုံးပွဲတော် စတင်ကျင်းပ ပြုလုပ်သည့်ရက်နှင့် တစ်ရက်တည်း ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တောင်ပြုံးအကြိုပွဲတော်ဟုလည်း ခေါ်ဆိုကြောင်း သိရပါတယ်။(NVS 004)