“(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ်ခေါင်းဆောင်များဆွေးနွေး”

01 Aug

(၁၁)ကြိမ်မြောက် တရုတ်-အာဆီယံ လူငယ်ခေါင်းဆောင်များဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဖိုရမ်သို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဒုတိယဥက္ကဋ္ဌ ဦးဇော်ဝိတ် ခေါင်းဆောင်တဲ့ ၇ ဦးပါ အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ငြိမ်းချမ်းရေးနှင့်စီးပွားရေး၊ ငြိမ်းချမ်းရေးနှင့် နည်း ပညာဆန်းသစ်တီထွင်မှု ခေါင်းစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါဖိုရမ်ကို "ငြိမ်းချမ်းရေးအတွက် အတူတစ်ကွ" ဟူသော ဆောင်ပုဒ်နှင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး လူငယ်များ အနေဖြင့် အနာဂတ် ငြိမ်းချမ်းရေးကို အတွေးအမြင်များ ဖလှယ်၍ အပြန်အလှန် နားလည်ယုံကြည်မှုများနှင့်အတူ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးကို တည်ဆောက်ကြိုးပမ်းကြရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က သဝဏ်လွှာပါးခဲ့ပါတယ်။ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ၇ ဦးပါအဖွဲ့က ဇူလိုင်လ ၃၀ ရက် ညနေပိုင်းတွင် လေကြောင်းနဲ့ မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီဖြစ်ပါတယ်။ (NVS 004)

01 Aug

ADVERTISE HERE .