“မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာ”
01 Aug
လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်နှင့်နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေကြေညာကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဇူလိုင်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၄၁၂(က)အရ အရေးပေါ်အခြေအနေကြေညာလိုက်ခြင်းဖြစ်ပြီး အမိန့်ထုတ်ပြန်သည့်နေ့မှစတင်ကာ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါမြို့နယ်များမှာ ကချင်ပြည်နယ်ရှိ ဆွမ်ပရာဘွမ်မြို့နယ်၊ ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ကယားပြည်နယ်ရှိ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်ရှိ ကန်ပက်လက်မြို့နယ်၊ ထန်တလန် မြို့နယ်၊ ပလက်ဝမြို့နယ်၊ တွန်းဇံမြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်၊ ဖလမ်းမြို့နယ်တို့ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ ထီးချိုင့်မြို့နယ်၊ ကောလင်းမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ခင်ဦး မြို့နယ်၊ ဝက်လက်မြို့နယ်၊ ကနီမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ပုလဲမြို့နယ်၊ အင်းတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆောမြို့နယ်၊ ထီးလင်းမြို့နယ်၊ ရေစကြိုမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးရှိ မိုးကုတ် မြို့နယ်၊ စဉ့်ကူးမြို့နယ်၊ ငါန်းဇွန်မြို့နယ် တို့ကိုလည်း အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရှိ ရမ်းဗြဲမြို့နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ သံတွဲမြို့နယ်၊ အမ်းမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်၊ မဘိမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်၊ မိုးမိတ်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုင်းလားမြို့နယ်တို့ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ အခုကြေညာချက်တွင် ပါဝင်သည့်မြို့များမှာ ယခင်ကသတ်မှတ်ထုတ်ပြန်ထားသော မြို့များဖြစ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံကို ပြင်ဆင်ဖွဲ့စည်းပြီးနောက် ဆက်လက်အတည်ပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)