“နောင်ချိုမြို့နယ် UID (စမတ်ကတ်)များ ထုတ်ပေးလျက်ရှိ”

01 Aug

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး ဖွင့်လှစ်ပေးပြီဖြစ်ကာ UID (စမတ်ကတ်)လုပ်ဆောင်ရမည့် ရုံးလုပ်ငန်းစဥ်များကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နှင့် သီပေါမြို့ လဝကယာယီရုံးခွဲများကိုလည်း နောင်ချိုမြို့၊ မီးပွိုင့်အနီး၊ စျေးရပ်ကွက် ဓမ္မာရုံမှာ ဖွင့်လှစ်ထားပြီး ရုံးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ လမ်းပန်းဆက်သွယ်ရေးအခြေအနေမှာ မန္တလေး - ပြင်ဦးလွင် - နောင်ချို - ရပ်စောက် - ကျောက်ဂူ - နမ့်လန် - လားရှိုး လမ်းအတိုင်း သွားလာလို့ရပြီဖြစ်တာကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာကြောင်း သိရပါတယ်။ မြန်မာ့တပ်မတော်က နောင်ချိုမြို့ကို ပြန်လည်သိမ်းယူပြီးနောက် လက်ရှိဒေသတွင်း အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများလည်း စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

01 Aug

ADVERTISE HERE .