“ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် ၆၀ စင်းဝင်ရောက်ဆိုက်ကပ်မည်”

01 Aug

ဩဂုတ်လတွင် နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၀ စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်ကနေ သိရပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက် ဆိုက်ကပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၄၂၄ စင်း ဝင်ရောက်ဆိုက်ကပ် ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၆၃၃ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာမှာ အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းနဲ့ ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါတယ်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များပြန်လည်တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားရှိကြောင်းလည်း သိရပါတယ်။ (NVS 004)

01 Aug

ADVERTISE HERE .