ကုန်ဈေးနှုန်းသတင်း

31 Jul

ကုန်ဈေးနှုန်းသတင်း ၃၁.၇.၂၀၂၅ ဇူလိုင်လ ၃၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ ဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပဲစင်းငုံနီ၊ ပဲကြီးနဲ့ ကြက်သွန်နီဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကုလားပဲဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီးဈေး တွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၇,၂၃၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၅၁၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၉၀ ကျပ်ကနေ ၅,၀၂၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၀,၂၈၉ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၃၉၀ ကျပ်ကနေ ၇,၀၈၀ ကျပ်၊ ကုလားပဲဖြူလုံး တစ်ပိဿာကို ၄,၅၆၀ ကျပ်ကနေ ၄,၇၄၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၃၃၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၃၀ ကျပ်ကနေ ၁,၆၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈၀၀ ကျပ်ကနေ ၁,၉၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ကို ၄,၁၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၆၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၄,၇၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၈၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၇၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၃၅ ကျပ်၊ မန္တလေးမှာ ၃,၀၄၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၉၀ ကျပ်၊ မန္တလေးမှာ ၃,၁၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၀ ကျပ်၊ မန္တလေးမှာ ၂,၈၂၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၉၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၅၅ ကျပ်၊ မန္တလေးမှာ ၃,၄၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၄၃၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၉၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း ကိုးသောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၇၅၀,၀၀၀ိ/-) ခုနစ်ဆယ် ခုနစ်သိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

31 Jul

ADVERTISE HERE .