“စားအုန်းဆီအမှာစာတစ်ခုကို ၂ ပိဿာ ၅၀ ကျပ်သား ရောင်းပေးမည်”
31 Jul
စားအုန်းဆီကိုရန်ကုန်တိုင်းဒေသကြီးတွင် ဩဂုတ်လ ၄ ရက်မှစတင်ပြီး အမှာစာတစ်ခုလျှင် ၂ ပိဿာ ၅၀ ကျပ်သား ရောင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်သို့ စားအုန်းဆီများကို မိသားစုတစ်စု တစ်လစာ ဝယ်ယူနိုင်ရန်၊ လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှ စတင်၍ အိမ်ထောင်စုတစ်စုကို တစ်လအတွက် တစ်ကြိမ်လျှင် ၂ ပိဿာ ၅၀ ကျပ်သားနှုန်းနဲ့ ဝယ်ယူနိုင်ရေးကို ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ စီစဉ်ဆောင်ရွက်ထားပါတယ်။ အိမ်ထောင်စုတစ်စုလျှင် တစ်လ ၂ ပိဿာ ၅၀ ကျပ်သားနှုန်း (၅လီတာ)ဘူးဖြင့် ဝယ်ယူရရှိနိုင်ရန် ခရိုင် ၁၄ ခု၊ မြို့နယ် ၄၄ မြို့နယ်မှာ ခရိုင်အလိုက် Call Center များထားရှိပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း တနင်္လာနေ့မှ သောကြာနေ့အထိ (စနေ၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) ဖော်ပြပါ ဖုန်းနံပါတ်သို့ မှာကြားနိုင်ကြောင်း အသိပေးထားပါတယ်။ ဈေးနှုန်းအနေဖြင့် တနင်္လာနေ့တိုင်း သတင်းစာများတွင် ထုတ်ပြန်သည့် လက်ကားရည်ညွှန်းဈေးနှုန်းကို အခြေခံ၍ ကုန်ကျစရိတ်ကို ထည့်သွင်းတွက်ချက်ထားသည့် ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး Delivery ခကို မှာကြားသည့် ဝယ်သူဖက်မှ ပေးချေရမည်ဖြစ်ကာ ပစ္စည်းရောက်ငွေချေစနစ် ဖြင့်သာရောင်းချသွားမည်ဖြစ်ပါတယ်။ (NVS 004)