“ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ သတိထားနေထိုင်ကြရန် မြန်မာသံရုံးသတိပေး”

31 Jul

ရုရှားနိုင်ငံ၊ ကမ်ချတကျွန်းဆွယ်အနီးမှာ ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ၈ ဒသမ ၇ မဂ္ဂနီကျူ ရှိတဲ့ ငလျင်ကြောင့် ဂျပန်နိုင်ငံမိုးလေဝသနဌာနက ဂျပန်ကမ်းရိုးတန်းတစ်လျှောက် ဟိုကိုင်းဒိုးပြည်နယ်မှ ဝါကာယာမ ပြည်နယ်အထိ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။ အဆိုပါဒေသမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားများအနေနဲ့ သတိပေးချက်များကို အလေးထားနားစွင့်ပြီး ကုန်းမြင့်ဒေသများတွင် နေထိုင်ကြရန်နှင့် ဆူနာမီသတိပေးချက် ရုပ်သိမ်းခြင်းမပြုမီ ကမ်းရိုးတန်းဒေသများသို့ သွားလာခြင်းအား ရှောင်ရှားကြရန် တိုကျိုမြို့ရှိ မြန်မာသံရုံးက အသိပေးနှိုးဆော်ထားပါတယ်။ (NVS 004)

31 Jul

ADVERTISE HERE .