“TF President's Cup Teqball Open Championship 2025 ပြိုင်ပွဲကျင်းပမည်”
30 Jul
မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် (MTF) က ကြီးမှူးကျင်းပမည့် “MTF President's Cup Teqball Open Championship 2025” (အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အလွတ်တန်းတက်ဂ် ဘောပြိုင်ပွဲ)ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းရှိ MFF Futsal Indoor Stadium ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း(Men Single)၊ အမျိုးသမီးတစ်ဦးချင်း(Women Single)၊ အမျိုးသားနှစ် ယောက်တွဲ(Men Double)၊ အမျိုးသမီးနှစ်ယောက်တွဲ(Women Double)နှင့် အမျိုးသား/အမျိုးသမီး စုံတွဲ(Mixed Double) စတဲ့ ကစားနည်း ၅ မျိုးဖြင့်ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တစ်ဦးလျှင် ကြိုက်ရာပွဲစဉ်နှစ်မျိုးပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် ကျိုက္ကဆံအားကစားဝင်းအတွင်းရှိ တက်ဂ်ဘော လေ့ကျင့်ရေးရုံ၌ ဇူလိုင်လ ၃၀ ရက်မှ ဩဂုတ်လ ၈ ရက်အတွင်း နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ စာရင်းသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ ပြိုင်ပွဲ၌ ပြိုင်ပွဲဝင်များကို ဆုကြေးများထိုက်တန်စွာချီးမြှင့်မည့်အပြင် အကောင်းဆုံးကစားသမားများကို ၂၀၂၅ ခုနှစ်၊ ဆီးဂိမ်းပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်များအဖြစ် စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင် လိုသူများအနေနဲ့ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံတက်ဂ်ဘောအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးမင်းဦးကြိုင် ဖုန်း ဝ၉-၅၀၃၅၁၄၃ နှင့် စီမံမန်နေဂျာ ဦးစိုင်းအောင်ဟိန်း ဖုန်း ၀၉-၆၀၀၆၁၆၉၉ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)