“လိုက်ပ်ဇစ်အသင်းက ရှက်ရှကို ကိုခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေတဲ့ မန်ယူအသင်းနဲ့ နယူးကာဆယ်အသင်း”

30 Jul

မန်ယူနဲ့ နယူးကာဆယ်အသင်းတို့ဟာ လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ရှက်ရှကို ကိုခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ လိုက်ပ်ဇစ်အသင်းက ရှက်ရှကို အတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၆၇ ဒသမ ၃ သန်း သတ်မှတ်ထားပါတယ်။ ရှက်ရှကို ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးထားခဲ့တာကြောင့် စာချုပ်လျော်ကြေးအနေနဲ့ ပေါင် ၅၅ သန်းပမာဏကို ပေးချေရဖွယ်ရှိပါတယ်။ နယူးကာဆယ်အသင်းက ရှက်ရှကို ကို ခေါ်ယူဖို့ ကနဦးစိတ်ဝင်စားနေခဲ့ပြီး အီဆက်ခ် နေရာ အစားထိုးဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဟွိုင်လန်း၊ ဇက်ဇီး တို့ကြောင့် ရှက်ရှကို နဲ့အားဖြည့်ဖို့ ဆန္ဒရှိနေပါတယ်။ ရှက်ရှကို ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဆာလ်ဇ်ဘာ့ဂ်အသင်းအနေ လိုက်ပ်ဇစ်ကို ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံ ၈၇ ပွဲကစား ၃၉ ဂိုး သွင်းယူထားပါတယ်။ (NVS 008)

30 Jul

ADVERTISE HERE .