“အဲလက်စ်ဘေနာ ကို ကစားသစ်အဖြစ်မိတ်ဆက်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်း”
30 Jul
အက်သလက်တီကိုမက်ဒရစ်အသင်းဟာ အခုလအစောပိုင်းက ဗီလာရီးယဲလ်အသင်းကနေ ခေါ်ယူထားတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲလက်စ်ဘေနာ ကို အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်မှု ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘေနာ ဟာ အက်သလက်တီကိုအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးက ယူရို သန်း ၅၀ ဝန်းကျင်နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဘေနာ အနေနဲ့ အက်သလက်တီကို အသင်းမှာ မက္ကဆီကိုကလပ်ထံ ပြောင်းရွှေ့သွားတဲ့ အန်ဟယ်ကော်ရီယာ ရဲ့ကျောနံပါတ် ၁၀ ကို ဆက်ခံဝတ်ဆင်မှာဖြစ်ပါတယ်။ (NVS 008)
30 Jul