“ဇာဗီဆိုင်မွန်စ်နဲ့ ဟာတို တို့ ကို ခေါ်ယူမယ့် ချဲလ်ဆီးအသင်း”

30 Jul

ချဲလ်ဆီးအသင်းဟာ လို ဇာဗီဆိုင်မွန်စ် နဲ့ ယိုရဲလ်ဟာတို တို့ရဲ့ အပြောင်းအရွှေ့တွေဟာ အပြီးသတ် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ သတင်းများ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကမှ လိုက်ပ်ဇစ်အသင်းက ဆိုင်မွန်စ် ကို PSG အသင်းကနေ ယူရို သန်း ၅၀ အပြင် အပိုဆုကြေး ယူရို သန်း ၃၀ နဲ့ အပြီးသတ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ်အသင်းအနေနဲ့ ဆိုင်မွန်စ် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀ ဝန်းကျင်ရမှ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ အေဂျက်စ်အသင်းက ဒတ်ချ်ဆယ်ကျော်သက်နောက်ခံလူ ဟာတို ကိုလည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင်နဲ့ သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းဟာ မန်ယူအသင်းက ဂါနာချို၊ အက်စတွန်ဗီလာအသင်းက မော်ဂန်ရော်ဂျာစ်၊ ရီးယဲလ်မက်ဒရစ်အသင်းက ရိုဒရီဂို၊ အေစီမီလန်ဂိုးသမား မီနွန်တို့နဲ့ ကိုလည်း ခေါ်ယူမယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ (NVS 008)

30 Jul

ADVERTISE HERE .