“ပြောင်းရွှေ့ကြေး ပေါင် ၃၁ နဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပြန်လည်ခေါ်ယူခဲ့တဲ့ မန်စီးတီးအသင်း”
30 Jul
မန်စီးတီးအသင်းဟာ ဘန်လေအသင်းက အသင်းဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကို အပိုဆု ကြေးတွေအပါအဝင် ပေါင် ၃၁ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် ဟာ မန်စီးတီးအကယ်ဒမီထွက်ဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ ဘန်လေအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အခုမန်စီးတီးအသင်းက သူ့ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းအပါအဝင် အပိုဆုကြေးတွေ ထည့်တွက်မယ်ဆိုပါက ပေါင် ၃၁ သန်းအထိရှိတဲ့ကြေးနဲ့ ခေါ်ယူမှာဖြစ်ပြီး ၅ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။ (NVS 008)
30 Jul