“တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၃၀ ဦးသေဆုံးပြီး ၈၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ”

30 Jul

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ဇူလိုင်လ ၂၉ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးပြီး ၈၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။ မိုးရွာသွန်းမှုများသည် သန်းခေါင်ယံအချိန်မှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ပေကျင်းမြို့တော်အနီးရှိ တောင်ထူထပ်ရာဒေသများ၌ လူသေဆုံးမှု များဖြစ်ပွားခဲ့ကြောင်း၊ သို့သော်လူသေဆုံးမှုများသည် မည်သည့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းကို နိုင်ငံပိုင် သတင်းဌာနက အတိအကျဖော်ပြ ထားခြင်းမရှိပေ။ ပေကျင်းမြို့တော်နှင့် အနီးတစ်ဝိုက်ဒေသများတွင် ဇူလိုင်လ ၂၃ ရက်မှစ၍ မိုးရွာသွန်းခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်း တွင် မိုးရွာသွန်းမှုများမှာ ပိုမိုသည်းထန်လာကာ နိုင်ငံမြောက်ပိုင်းရှိ ခရိုင်များတွင် မိုးရေချိန် ၅၄၃ ဒသမ ၄ မီလီမီတာ အထိ ရောက်ရှိလာကြောင်း ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ထားသည်။ မိုးသည်းထန်မှုကြောင့် မြို့တော် ပေကျင်း တစ်မြို့တည်းမှာပင် ဒေသခံ ၈၀,၀၀၀ ကျော်ကို အာဏာပိုင်အဖွဲ့က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ကျေးရွာ ပေါင်း ၁၃၀ ကျော်တွင် လျှပ်စစ်မီးများပြတ်တောက်၍ လမ်းမကြီးများကိုလည်း ပိတ်ထားခဲ့ရကြောင်း Iv သတင်းဌာန ဖော်ပြချက်အရ သိရသည်။

30 Jul

ADVERTISE HERE .