"အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေးမည်ဟု အီရန် ပြောကြား"
30 Jul
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) အရာရှိများသည် လာမည့်သီတင်းပတ်နှစ်ပတ် အတွင်း အီရန်နိုင်ငံသို့ လာရောက်၍ နည်းပညာ အရေးကိစ္စရပ်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အပေါ် ဆွေးနွေး သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမေးလ် ဘာဟီးလ် က ဇူလိုင်လ ၂၈ ရက် တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ အီရန်အနေဖြင့် ယူရေနီယံသန့်စင်ခြင်း အပါအဝင် နျူကလီးယား အစီအစဉ်များကို ဆက်လက်တွန်းအားပေးဖော်ဆောင်သွားမည်ဟုလည်း အီစမေးလ် ဘာဟီးလ် က ထပ်မံ အတိအလင်း ပြောကြားခဲ့သည်။ အီရန်က နျူကလီးယားကိစ္စနှင့်စပ်လျဉ်း၍ IAEA ၏ အစီအရင်ခံစာကို စောင့်ဆိုင်း နေပြီး အဆိုပါ အစီရင်ခံအပေါ် မူတည်၍ မူဝါဒအသစ်များ သတ်မှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီရန်သည် ဇွန်လ ၂၅ ရက်တွင် ဥပဒေကြမ်းကို အတည်ပြု၍ အီရန်နှင့် IAEA ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် အီရန်၏နျူကလီးယားအဆောက်အဦ ဘေးကင်းလုံခြုံမှုနှင့် အီရန် က နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုပိုင်ခွင့်ကို အာမခံပေးနိုင်ပြီး အီရန်၏အဆင့်မြင့် အမျိုးသား လုံခြုံရေး ကောင်စီ၏ ခွင့်ပြုချက်ရရှိထားသည်မှလွဲ၍ IAEA က စောင့်ကြည့်လေ့လာသူအနေဖြင့် အီရန်ပြည်တွင်းသို့ ဝင်ရောက် ပြီး စစ်ဆေးအတည်ပြုမှုလုပ်ဆောင်ခြင်းအား တားမြစ်သည့်ဥပဒေမူကြမ်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုထား သည့် အီရန်နျူကလီးယားသဘောတူညီချက်အရ အီရန်အနေဖြင့် ၎င်း၏နျူကလီးယားအစီအစဉ်အား ကန့်သတ်ရန် ကတိပြု၍ နိုင်ငံတကာအသိုင်းအဝိုင်းက အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုကို ပယ်ဖျက်ပေးမည် ဖြစ်သည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုဖြင့် အကျပ်ကိုင်ကာ အီရန်နိုင်ငံသည် IAEA နှင့်ပူးပေါင်းဆောင်ရွက်ကာ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ချက်များပါဝင် သဘောတူညီချက်အား အီရန်အား သဘောတူလာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။