“ဘားအံရေကြီးမှုမှာ ရေဘေးသင့်သူတစ်သောင်းကျော်ရှိလာ”

30 Jul

ကရင်ပြည်နယ်၊ ဘားအံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိကာ နေအိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် ရေဝင်နေသည့်နေအိမ်များ၌နေထိုင်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးလျက်ရှိရာ ဇူလိုင်လ ၂၉ ရက်အထိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၂၃ ခုကိုဖွင့်လှစ်ခဲ့ရကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ အထက်ပါယာယီရေဘေးကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စု ၂,၂၅၈ စုမှ အမျိုးသား ၄,၈၁၆ ဦး၊ အမျိုးသမီး ၅,၃၉၈ ဦး စုစုပေါင်း ၁၀,၂၁၄ ဦး ခိုလှုံနေထိုင်လျက်ရှိရာ ၎င်းတို့၏ စားသောက်ရေး အဆင်ပြေစေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စေတနာရှင်၊ အလှူရှင်များက ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ထမင်း၊ ဟင်း၊ လူသုံးကုန်ပစ္စည်းများ၊ သောက်ရေသန့်များကိုထောက်ပံ့ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

30 Jul

ADVERTISE HERE .