ကုန်ဈေးနှုန်းသတင်း ၂၉.၇.၂၀၂၅

29 Jul

ဇူလိုင်လ ၂၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် တက်လာပြီး ပြောင်းဆန်ဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ ပဲအများစု၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်း ကို ၉၇,၃၉၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၇၇၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၇၅ ကျပ်ကနေ ၅,၀၁၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၀,၅၇၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၈,၃၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၅,၀၄၀ ကျပ်ကနေ ၆,၅၅၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၃၈၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၃၃၀ ကျပ်ကနေ ၁၁,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၃၀ ကျပ်ကနေ ၁,၆၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၀၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၆၀၀ ကျပ်ကနေ ၁,၈၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၁၀,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၆၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၇၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၄,၇၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၄,၃၀၀ ကျပ်ကနေ ၄,၈၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၇ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၈၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၉၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၃၅ ကျပ်၊ မန္တလေးမှာ ၃,၀၄၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၉၀ ကျပ်၊ မန္တလေးမှာ ၃,၁၀၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၇၁၀ ကျပ်၊ မန္တလေးမှာ ၂,၈၂၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၉၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၅၅ ကျပ်၊ မန္တလေးမှာ ၃,၄၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၄၃၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၉၀၀,၀၀၀/-) ငါးဆယ် ကိုးသိန်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၈၀၀,၀၀၀ိ/-) ခုနစ်ဆယ် ရှစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

29 Jul

ADVERTISE HERE .