“အမျိုးသမီးယူရိုပြိုင်ပွဲ ၃ ကြိမ်ဆက် ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် ဆရီနာဝိဂ်မန်း မှတ်တမ်းဝင်”

29 Jul

အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြ ဆရီနာဝိဂ်မန်း ဟာ အမျိုးသမီးယူရိုပြိုင်ပွဲ ၃ ကြိမ်ဆက် ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက်နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ နယ်သာလန်အမျိုးသမီးလက်ရွေးစင် ကစားသမားဟောင်း ဆရီနာဝိဂ်မန်း ဟာ နယ်သာလန် အမျိုးသမီးအသင်းရဲ့နည်းပြအဖြစ် အမျိုးသမီးယူရို-၂၀၁၇ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ အင်္ဂလန်အမျိုးသမီးအသင်းရဲ့နည်းပြအဖြစ် အမျိုးသမီးယူရို-၂၀၂၂ နဲ့ အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူ နိုင်ခဲ့တာကြောင့် ယူရိုပြိုင်ပွဲ ၃ ကြိမ်ဆက် ချန်ပီယံဆုရယူနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဆရီနာဝိဂ်မန်း မတိုင်ခင်မှာ အခုလိုစွမ်းဆောင်နိုင်ခဲ့သူကတော့ ဂျာမန်နည်းပြ တီးနာတူးနီ ဖြစ်ပြီး ဂျာမန်အမျိုးသမီးအသင်းကို ၁၉၉၇၊ ၂၀၀၁ နဲ့ ၂၀၀၅ ခုနှစ်တွေမှာ (၃)ကြိမ်ဆက် ချန်ပီယံဆု ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဆရီနာဝိဂ်မန်း ကတော့ အမျိုးသမီးယူရိုနဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ရပ်မှာ ဗိုလ်လုပွဲ ၅ ကြိမ် ရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ တစ်ဦးတည်းသောနည်းပြအဖြစ်လည်း စံချိန်တင်ထားပါတယ်။ (NVS 008)

29 Jul

ADVERTISE HERE .