“မကြာခင်မှာ သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်နေတဲ့ ဆာလီဘာ”

29 Jul

အာဆင်နယ်အသင်းရဲ့နောက်ခံလူ ဆာလီဘာက မကြာခင်အသင်းနဲ့ သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူ ဆာလီဘာ ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ရီးရဲလ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံနေရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဆလီဘာကို သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဆာလီဘာ ဟာ လက်ရှိအချိန်မှာ တစ်ပတ် ပေါင် ၁၉၀,၀၀၀ ရရှိနေပြီး အာဆင်နယ်အသင်းက လစာနှုန်းထားအသစ်နဲ့ ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးညှိနှိုင်း နေကြောင်း သိရပါတယ်။ (NVS 008)

29 Jul

ADVERTISE HERE .