“အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ နယူးကာဆယ်အသင်း”
29 Jul
နယူးကာဆယ်အသင်းဟာ ဆောက်သမ်တန်အသင်းက အင်္ဂလန်ဂိုးသမား ရမ်းစ်ဒေးလ် ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ ဂိုးသမားဟောင်း ရမ်းစ်ဒေးလ် ဟာ ဆောက်သမ်တန်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမယ့် အသင်းတန်းဆင်းခဲ့ရတာကြောင့် လမ်းခွဲဖို့ စီစဉ်နေသူဖြစ်ပါတယ်။ နယူးကာဆယ် အသင်းက လက်ရှိလူစာရင်းမှာ ဂိုးသမား ၅ ဦးရှိနေပေမယ့် အသက် ၃၀ အထက်တွေချည်းဖြစ်နေတာကြောင့် ရမ်းစ်ဒေးလ် ကို ခေါ်ယူရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။ နယူးကာဆယ်အသင်းက ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် ကို ပစ်မှတ်ထားခဲ့ပေမဲ့ မန်စီးတီးအသင်းက လက်ဦးသွားခဲ့တာကြောင့် ရမ်းစ်ဒေးလ်ဘက်ကို ဦးလှည့်လာခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ နယူးကာဆယ် အသင်းက ရမ်းစ်ဒေးလ်ကို အငှားစာချုပ်နဲ့ ခေါ်ယူပြီးမှ အပြီးသတ်ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ (NVS 008)
29 Jul