“တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုတဲ့ အမြင်အာရုံမသန်စွမ်းသူ ၁၂ ဦးထဲမှ ၇ ဦးအောင်မြင်”
29 Jul
မြန်မာနိုင်ငံမျက်မမြင်ကျောင်းများမှ ၂၀၂၄-၂-၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်ဝန်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုတဲ့ မျက်မမြင်(အမြင်အာရုံမသန်စွမ်း) ကျောင်းသား ၁၂ ဦးထဲမှ ၇ ဦး စာမေးပွဲအောင်မြင်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ သိရပါတယ်။ စာမေးပွဲအောင်သူတွေအတွက် ဂုဏ်ပြုအခမ်းအနားကို ဩဂုတ်လ ၁၂ ရက် အသင်းရုံးမှာ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံမျက်မမြင်များအသင်းကနေ သိရပါတယ်။ စာမေးပွဲအောင်မြင်သူများကို အသင်းမှ ဂုဏ်ပြုမည်ဖြစ်ပြီး မျက်မမြင်လူငယ်များ၏ ပညာရေးဘဝတိုးတက် မြင့်မားရေးအတွက် လက်တွဲကူညီလိုသူများအနေနဲ့ အသင်းကို ဆက်သွယ်ကူညီလှူဒါန်းနိုင်ကြောင်း မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် မျက်မမြင်ကျောင်းများက မဟုတ်ဘဲ ပြင်ပပုဂ္ဂလိကကျောင်းများ၊ ဘော်ဒါဆောင်များ (သို့မဟုတ်) မိမိအိမ်များတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် မျက်မမြင်လူငယ်များရှိပါကလည်း ဩဂုတ်လ ၇ ရက် နောက်ဆုံးထားပြီး အသင်းသို့ဆက်သွယ်ပေးရန် ဖိတ်ခေါ်ထားပါတယ်။ (NVS 004)