“ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များအရ EV သင်တန်းများ တိုးချဲ့ဖွင့်လှစ်သွားမည်”
29 Jul
ပြင်ပ EV လုပ်ငန်းရှင်များ၏ နည်းပညာလိုအပ်ချက်များရှိနေတာကြောင့် EV သင်တန်းများကို တိုးချဲ့ဖွင့်လှစ် သွာရန်ရှိကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ က ပြောကြားခဲ့ပါတယ်။ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၅ ရက်က အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)မှာ ကျင်းပခဲ့တာဖြစ်ပြီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဗီဒီယို ကွန်ဖရင့်ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးက EV နည်းပညာကဏ္ဍတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့ရအောင် နည်းပညာအသစ်အဆန်းများကို အစဉ်လေ့လာကြိုးပမ်းဆောင်ရွက်သွားရန်အတွက် သင်တန်းများကို စံနှုန်းများနှင့် အညီ ဖွင့်လှစ်ကာ ကျွမ်းကျင်သူများအား စဉ်ဆက်မပြတ် ပျိုးထောင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူများရဲ့ လက်ဝယ်အရောက် EV အသိပညာဖြန့်ဝေမှုများကို ထိထိရောက်ရောက်ကျယ်ကျယ် ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်သွားရေးဌာနဆိုင်ရာများနှင့် EV ပြင်ပအဖွဲ့အစည်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ အဆိုပါ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100၊ ဗို့အား မြင့်မောင်းနှင် ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာ ရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာလက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများနဲ့ ဇူလိုင်လ ၇ ရက်မှ ၂၅ ရက်အထိ သင်တန်းကာလ သုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီ နှုန်းဖြင့်ပို့ချခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများမှ သင်တန်းသား ၁၇ ဦးနှင့် ဌာနများမှ သင်တန်းသားခြောက်ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)