“မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့မြေငလျင်သတင်းများ သိရှိနိုင်စေရန် ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ထား”
29 Jul
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ မန္တလေး ငလျင်ကြီးအပါအဝင် မြန်မာနိုင်ငံအတွင်း လှုပ်ခတ်ခဲ့တဲ့ မြေငလျင်သတင်းများ သိရှိနိုင်စေရန်အတွက် ဝက်ဘ်ဆိုက် တစ်ခု လွှင့်တင်ထားခဲ့ကြောင်း သိရပါတယ်။ လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်ကို ငလျင်လှုပ်ခတ်စဉ်အတွင်း ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတဲ့ ဖြစ်စဉ်များကို မျှဝေပေးနိုင်ရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ နှင့်စပ်လျဉ်း၍ အလှူရှင်များမှ လှူဒါန်းလာနိုင်စေရန်၊ ပျက်စီးဆုံးရှုံးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် အလှူငွေများ ထိရောက်စွာ လှူဒါန်းနိုင်ရန်တို့အတွက် လွှင့်တင်ထားခြင်း ဖြစ်ပါတယ်။ အဆိုပါဝက်ဘ်ဆိုက်မှာ မြေငလျင်ဆိုင်ရာသတင်းများကို တစ်နေရာတည်းမှ ဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ဖြစ်စဉ်များကိုလည်း လေ့လာနိုင်မှာဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ် များနှင့် ထိခိုက်ခဲ့မှုများကို မျှဝေပေးခြင်းဖြင့် အလှူရှင်များက လှူဒါန်းလိုသော နေရာများကို ကိုယ်တိုင်ရွေးချယ်၍ KBZ Pay ၊ CB Pay၊ AYA Pay၊ OK $ နှင့် Wave Pay စသည့် မိမိနှစ်သက်ရာ Pay များဖြင့် လွယ်ကူစွာ တိုက်ရိုက် လှူဒါန်းနိုင်ပြီး Online မှတစ်ဆင့် MMQR ဖြင့် လှူဒါန်းနိုင်မည်ဖြစ်ပါတယ်။ အလားတူ ပြည်ပအလှူရှင်များအနေနဲ့ Visa Card၊ Master Card များ အသုံးပြု၍ လှူဒါန်းနိုင်သည်ဟု သိရပြီး Website နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက ၀၆၇-၃၄၀၄၇၇၇ သို့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ (NVS 004)