“ဒဂုံမြို့သစ်မှာ အမျိုးသားကင်ဆာရောဂါကုသရေးဌာန ၈ ထပ်ကုသဆောင်ကို တည်ဆောက်နေ”
29 Jul
နိုင်ငံတော်ရဲ့ခွင့်ပြုရန်ပုံငွေကျပ် ၃၂ ဘီလီယံကျော်နဲ့ အမျိုးသားကင်ဆာရောဂါကုသရေးဌာန ၈ ထပ်ကုသ ဆောင်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာ တည်ဆောက်လျက်ရှိပါတယ်။ အဆိုပါ ၈ ထပ်ကုသဆောင်တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူဆောက်လုပ်လျက်ရှိကာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ဇူလိုင်လ ၂၇ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးမှ ဆောက်လုပ်ရေးလုပ်ငန်းများအား သတ်မှတ်အချိန်ကာလအမီပြီးစီးစေရေး ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြုကြရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။ အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်းစက် ၃ လုံးနဲ့ တစ်ရက်ကို ကင်ဆာရောဂါဝေဒနာရှင် လူနာ ၂၀၀ မှ ၂၅၀ ကျော်အထိအား ဓာတ်ရောင်ခြည် ကုသမှုဆောင်ရွက်ပေးလျက်ရှိပါတယ်။ (NVS 004)