“တရုတ်နိုင်ငံသို့ မြန်မာ့ထောပတ်သီးများ တင်ပို့ခွင့်ရရှိရန် GACC အတွက် ပိုးမွှား ၆ မျိုး စစ်ဆေးမည်”
29 Jul
လာမည့်အောက်တိုဘာလမှာ မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရန် GACC အတွက် ပိုးမွှား ၆ မျိုး စစ်ဆေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO)မှ သိပါတယ်။ ဒါကြောင့်ခြံပိုင်ရှင်များမှ ပူးပေါင်းဆောင်ရွက်ရန် ဇူလိုင်လ ၁၉ ရက်မှာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှ ထောပတ်သီးများကို နှစ်အလိုက်တင်ပို့မှု အလားအလာရှိတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရန်လျာထားကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင် မြို့တို့၌ အများဆုံးစိုက်ပျိုးလေ့ရှိကြပါတယ်။ (NVS 004)
29 Jul