“OWIC ကတ်ပေါ်တွင် သြဂုတ် ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာကပ်မည်”

29 Jul

အလုပ်သမားဝန်ကြီဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားများကို ထုတ်ပေးလျက်ရှိတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)များမှာ သြဂုတ်လ ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာများ ကပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (OWIC) ကတ်ကို အတုအပများမရှိစေရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန်တို့အတွက် လုံခြုံရေးစတစ်ကာကပ်ပြီးမှသာ ထုတ်ပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ OWIC ကတ်ကို အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ နိုင်ငံကူးလက်မှတ်(Passport for Job-PJ) ကိုင်ဆောင်ထားပြီးပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိချိန်တွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စများဖြစ်ပေါ်လာချိန်၌ လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ထုတ်ပေးနေတာ ဖြစ်ပါတယ်။ (NVS 004)

29 Jul

ADVERTISE HERE .