“မြန်မာ့တိုင်းရင်းဆေးရုံ/ဆေးခန်းများကို အလွယ်တကူရှာဖွေနိုင်မည့် ThwetLatt - သွက်လက် Chatbot Booking Service မိတ်ဆက်ပွဲ ပြုလုပ်”

28 Jul

မြန်မာ့ရိုးရာတိုင်းရင်းဆေးရုံ/ဆေးခန်းများတွင် ပြသနိုင်ရန် ခေတ်မီနည်းလမ်းဖြင့် ချိတ်ဆက်ပေးနိုင်မည့် ThwetLatt - သွက်လက် Chatbot Booking Service မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၆ ရက်က PARKROYAL Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ထိုကဲ့သို့ ThwetLatt - သွက်လက် Chatbot Booking Service အား ပြုလုပ်ခြင်းဖြင့် မြန်မာ့တိုင်းရင်းဆေးဝါးများ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရယူလျက်ရှိတဲ့ ပြည်သူများအတွက် အချိန်ကုန်လူပင်ပန်းမှု သက်သာစေပြီး မိမိစိတ်ကြိုက်ဆေးခန်းများကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ThwetLatt - သွက်လက် Chatbot Booking System သည် ရယူမှုလွယ်ကူမြန်ဆန်ပြီး တိုင်းရင်းဆေးခန်းများကို အလွယ်တကူရှာဖွေနိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာနှင့် QR Code တို့မှတစ်ဆင့် ဝင်ရောက်ကာ သတ်မှတ်ထားသည့် အဆင့်အတိုင်း ဖြေကြားပြီး တိုင်းရင်းဆေးခန်းများနှင့် ချိတ်ဆက်နိုင်မှာဖြစ်သလို ဆေးခန်းများကလည်း အလိုအလျောက် အတည်ပြုဖြေကြားပေးမှာဖြစ်ပါတယ်။ ဆေးခန်းပြသရန် ရက်ချိန်းနီးကပ်လာပါက သတိပေးမှုများပေါ်လာမှာဖြစ်ပါ တယ်။ အဆိုပါ System တွင် တရားဝင်မှတ်ပုံတင်ထားသည့် တိုင်းရင်းဆေးရုံ/ဆေးခန်းများ၏ တည်နေရာများနှင့် ဖွင့်လှစ်ချိန်များ၊ ကုသနိုင်မည့်ရောဂါများကို ဖော်ပြထားပါတယ်။ လူနာရှင်များက လိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်းပြီး မိမိတို့ပြသလိုသည့်ရက်နှင့် အချိန်ကို ရွေးချယ်ကာ System သို့ ဝင်ရောက်ချိတ်ဆက်သူများအနေနဲ့ ဝန်ဆောင်မှုစရိတ်ပေးသွင်းရန်မလိုဘဲ အခမဲ့အသုံးပြုနိုင်တဲ့အပြင် တိုင်းရင်းဆေးဝါးများကိုပါ အလွယ်တကူဝယ်ယူရရှိနိုင် ရန် စီစဉ်ပေးထားပါတယ်။ အရိုးအကြောနှင့်ပတ်သက်သည့် ဝေဒနာရှင်များအနေနဲ့ ဆေးရုံ/ဆေးခန်းများတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရသည့် အခက်အခဲမှ သက်သာစေနိုင်မှာဖြစ်ပြီး ThwetLatt - သွက်လက် Chatbot Booking System စနစ်သည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော် မြို့များအတွက်သာ အသုံးပြုနိုင်ပြီး တစ်နိုင်ငံလုံးအတွက် အသုံးပြုနိုင်ရန်အတွက် ဆက်လက်စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ThwetLatt - သွက်လက် Chatbot Booking System ကို လူငယ်ပညာရှင် ရှစ်ဦးတို့က စုပေါင်းတီတွင် ထားကြောင်း သိရပါတယ်။ (NVS-004)

28 Jul

ADVERTISE HERE .