“ပြည်ပသို့ မြန်မာ့နာနတ်သီး တန်ချိန် ၄ဝ,ဝဝဝ ကျော် တင်ပို့နိုင်ရန် လျာထား”

28 Jul

မြန်မာနိုင်ငံမှထွက်ရှိတဲ့ နာနတ်သီးကို ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တန်ချိန် ၄၀,၀၀၀ ကျော် တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ လက်ရှိမှာ ရှမ်းပြည်နယ်မှထွက်ရှိတဲ့ အရည်အသွေးမြင့် မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့သွားမှာဖြစ်ပြီး စိုက်ပျိုးသည့်ဒေသများ၌ နာနတ်သီး ဧကပေါင်း ၂၀,၀၀၀ ကျော်ရှိနေပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ နာနတ်သီး စိုက်ပျိုးရာဒေသများ၌ နာနတ်သီးစိုက်ပျိုးရာတွင် Local GAP farm နှင့် Organic farm ဟူ၍ farm နှစ်မျိုးရှိပြီး တရုတ်၊ ထိုင်းနှင့် သီရိလင်္ကာ စသည့် နိုင်ငံတကာမှ နည်းစနစ်များကိုအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါတယ်။ နာနတ်မျိုးစေ့များမှာ ပင်ရင်းအရည်အသွေးကောင်းမွန်ပြီး ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်သော အရည်အသွေးမျိုးရှိတဲ့ နာနတ်မျိုးများကို အဓိကစိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ၌ နာနတ်သီးကို ဒေသမရွေးစိုက်ပျိုးနိုင်ပြီး အဓိကအားဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အစရှိတဲ့ ဒေသများတွင် အများဆုံးစိုက်ပျိုးကြလေ့ရှိပါတယ်။ ယခင်က နာနတ်သီးကို ပြည်တွင်းစားသုံးမှုအတွက်သာ စိုက်ပျိုးခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ပြည်ပတင်ပို့ရန်အတွက် ပို့ကုန်အဖြစ် စိုက်ပျိုးလာကြကြောင်း သိရပါတယ်။ (NVS-004)

28 Jul

ADVERTISE HERE .